Blogger Widgets

Friday, 17 May 2013

အမေရိကန်-မြန်မာ ကုန်သွယ်ရေး စာချုပ် ဦးသိန်းစိန် လက်မှတ်ထိုးမည်

Friday, May 17, 2013
လာမည့် တနင်္လာနေ့တွင် စတင်ရန်ရှိသည့် မြန်မာသမ္မတ ဦးသိန်းစိန်၏ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စများနှင့် သက်ဆိုင်သော စာချုပ် ၂ ခု ကို လက်မှတ်ရေး ထိုးဖွယ် ရှိကြောင်း သိရှိရသည်။
ယင်းစာချုပ်များတွင် နိုင်ငံအမည်ကို Burma အစား Myanmar ဟု သုံးစွဲထားကြောင်း သံတမာန် ရပ်ကွက်နှင့် နီးစပ်သောအသိုင်းအဝိုင်းက ဆိုသည်။ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သော အမေရိကန် အိမ်ဖြူတော် ၏ ကြေညာချက်တွင်လည်း မြန်မာ နိုင်ငံတော် သမ္မတဟု သုံးထားသည်။
အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Caitlin Hayden က အမေရိကန်အနေဖြင့် Burma ကို တိုင်းပြည်အမည် အဖြစ် ဆက်လက် သုံးစွဲနေဦးမည် ဖြစ်သော်လည်း Myanmar ကို အခြေအနေ လိုက်ပြီး အကန့်အသတ်နှင့် စတင်သုံးစွဲနေကြောင်း၊ ယင်းမှာ ” ပြုပြင်ပြောင်းလဲရေးတွေ အားစိုက်ဆောင်ရွက်နေတဲ့ အစိုးရတစ်ရပ် အပေါ် လေးစားသမှု ပြသတာဖြစ်ပြီး မိမိတို့က အားပေးထောက်ခံနေတယ်၊ ကူညီဖို့ ဆန္ဒရှိတယ်ဆိုတဲ့ သင်္ကေတ လက္ခဏာ ပါ” ဟု ပြောသည်။
အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမားနှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့သည့် မေလ ၂၀ ရက်နေ့ တွင် အိမ်ဖြူတော်တွင် တွေ့ဆုံကြမည်လည်းဖြစ်သည်။
ဦးသိန်းစိန်၏ ယခု အမေရိကန် ခရီးစဉ်သည် ၁၉၆၆ ခုနှစ်နောက်ပိုင်း မြန်မာသမ္မတ တဦး၏ ပထမဆုံး တရားဝင် သွားရောက်ခြင်းလည်းဖြစ်သည်။

No comments :

Post a Comment

Blogger Widgets
Back to Top