Pages

Monday, 20 May 2013

ချက်သမ္မတ နိုင်ငံတွင် ရထားစီးရင်း ဖူးစာရှင် ရှာနိုင်တော့မည်

ပရာ့ဂ် မေ ၁၉
ပျိုရွယ်သူများ အနေဖြင့် ဖူးစာရှင်ကို အလွယ်တကူ ရှာဖွေ တွေ့ရှိနိုင်ရန် ရည်ရွယ်၍ ချက်သမ္မတ နိုင်ငံ ပရာ့ဂ်မြို့တွင် လူပျို၊ အပျိုများ သီးသန့် စီးနိုင်သော ရထားတွဲ များအား မကြာမီ ပြေးဆွဲသွားမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ များ၏ ပြောကြားချက် အရ သိရသည်။
၎င်းရထား အစီအစဉ်အား အကောင် အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ပျိုရွယ် သူများ အနေဖြင့် ၎င်း၏ အလုပ်ချိန်ကို မထိခိုက် စေဘဲ ၎င်းတို့၏ ဖူးစာရှင်ကောင်း တစ်ဦးကို တွေ့ဆုံနိုင်ရန်  ရည်ရွယ်၍ ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း Ropid ကုန်းလမ်း ပို့ဆောင်ရေး ကုမ္ပဏီက ဗြိတိသျှ သတင်းစာ တစ်စောင်ဖြစ်သည့် Telegraph သတင်း စာသို့  ပြောကြား ခဲ့ကြောင်း သိရသည်

No comments:

Post a Comment