Pages

Wednesday, 15 May 2013

လူမျိုးကြီးဝါဒနှင့် မိုက်ရူးရဲ ဆင်ခြင်ကင်းမဲ့မှု ဆက်နွယ်နေကြောင်း စိတ်ပညာဆိုင်ရာ သိပ္ပံပညာရှင်များတွေ့ ရှိ။


အမျိုးမျိုးသော သုတေသနပြုလုပ်ချက်များ အရ (Prejudice) အကျိုးအကြောင်း မဆီလျော်တဲ့ မျှတတဲ့ အမြင်မရှိတဲ့ စိတ်ခံစားမှု ၊ (Cognitive rigity) လိုက်လျော်ညီထွေစွာ မတွေးခေါ်တတ်မှု ၊ (lower integrative complexity) လို့ ခေါ်တဲ့ ပု စ္ဆာ
ပြသနာများကို ဖြေရှင်းတဲ့ ဥာဏ်ရည်နိမ့်ကျမှုရှိသူ အများစုမှာ ဒီလို မိမိလူမျိုး မဟုတ်သူများကို နိမ့်ကျတယ်လို့ ယူဆလေ့ရှိပြီး အထင်သေး ဆက်ဆံလေ့ရှိကြတယ် စိတ်ပညာ သိပ္ပံသုတေသီတို့ ကရှာဖွေတွေ့ ရှိခဲ့ပါတယ်။
ဗြိတိန် တစ်နိုင်ငံလုံးကို ကိုယ်စားပြု ထောက်ခံထားတဲ့ (data) အချက်အလက်များးကို လေ့လာသုံးသပ်ချက်အရ general intelligence (g) လို့ ခေါ်တဲ့ အထွေထွေဥာဏ်ရည်ဟာ ကလေးဘဝမှာ နိမ့်ကျခဲ့လို့ ရှိရင် အဲဒီကလေးဟာလူကြီး ဘဝရောက်တဲ့ အခါဒီလို လူမျိုးကြီးဝါဒ စိတ်ကြီးဝင်လေ့ရှိတယ်လို့ တွေ့ ရှိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ကထောက်ခံရရှိခဲ့တဲ့ အချက်အလက်များကိုသုံးပြီး သုတေသနပြုရာမှာလည်း အထက်ပါတွေ့ ရှိချက်ဟာမှန်ကန်ကြောင်း ထပ်မံတွေ့ ရှိပါတယ်

No comments:

Post a Comment