Pages

Tuesday, 7 May 2013

ရခိုင်အရေး သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြော

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင် အစီရင်ခံစာ နှင့် ပတ်သက်၍ ယမန်နေ့က သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြား သည်။ ယင်း မိန့်ခွန်း၌ ရခိုင်ပြည်နယ် အရေးကိစ္စကို ကိုင်တွယ်လုပ်ဆောင်ရာတွင် အစိုးရအနေနှင့် ရခိုင်ပြည်နယ်အတွင်း မူလက ရောက်ရှိ နေကြသည့် အစ္စလမ်ဘာသာ ကိုးကွယ်သူများအား လူသားချင်း စာနာ ထောက်ထားသည့် အနေဖြင့် ၎င်းတို့၏ အခြေခံ ရပိုင်ခွင့်များနှင့် အခွင့်အရေးများကို လက်တွေ့အကျဆုံး နည်းလမ်းများနှင့် အရေးယူဆောင်ရွက်ပေးသွားမည် ဖြစ်သကဲ့သို့ ရခိုင် တိုင်းရင်းသားများ၏ ခံစားမှုနှင့် လိုလားချက်များကိုလည်း လုံးဝ လျစ်လျူရှုမည် မဟုတ်ကြောင်း ပြောကြားချက်ကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

No comments:

Post a Comment