Blogger Widgets

Monday, 5 October 2015

Fast & Furious နောက်ထပ် ၃ ကား ထွက်ဦးမယ်လို့ Vin Diesel ပြော

ဟောလီးဝုဒ် သရုပ်ဆောင်ကြီး Vin Diesel ဟာ Fast & Furious ဇာတ်လမ်းရဲ့ ပရိတ်သတ်တွေအတွက် သတင်းကောင်းတစ်ခု သယ်ဆောင်လာခဲ့ပါတယ်။ အဲဒါကတော့ Fast & Furious ဇာတ်လမ်းတွဲတွေကို ၁၀ ကား မြောက်အထိ ထုတ်လုပ်သွားမှာ ဖြစ်တယ်ဆိုတာပါပဲ။
လက်ရှိ ထွက်ရှိထားတဲ့ Fast & Furious ဇာတ်လမ်းတွေဟာ အပိုင်း ၇ အထိ ရောက်နေပြီဖြစ်တဲ့အတွက် အပိုင်း ၁၀ အထိ ရောက်နိုင်ဖို့ ဇာတ်လမ်း ၃ ခု ထပ်မံ ထွက်ပေါ်လာဦးမှာ ဖြစ်ပါတယ်။
Fast & Furious ဇာတ်လမ်းမှာ ခေါင်းဆောင် မင်းသားလည်းဖြစ်တဲ့ အက်ရှင်မင်းသားကြီး Vin Diesel က ထိုသတင်းကို သူ့ရဲ့ Facebook စာမျက်နှာမှာ အခုလိုရေးသားခဲ့ပါတယ်။
"Fast & Furious ဇာတ်လမ်းတွဲရဲ့ ပရိတ်သတ်တွေဟာ ကမ္ဘာမှာ အကောင်းဆုံး ပရိတ်သတ်တွေပါ။ ကျွန်တော် ၂၀၀၈ ခုနှစ်မှာ ပရိုဂျူဆာ စဖြစ်လာကတည်း ပရိတ်သတ်တွေအားလုံးဟာ ကျွန်တော်နဲ့ ခြေလှမ်းတိုင်းမှာ အတူရှိခဲ့ပါတယ်။ ကျွန်တော့်ကို ဝေဖန် အကြံပြုပေးကြတာကလည်း တန်ဖိုးမဖြတ်နိုင်မှုကို သက်သေပြခဲ့ပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ်။"
ဒါပေမယ့်လည်း Vin Diesel နဲ့ သူ့ရဲ့ ထုတ်လုပ်ရေး ပါတနာ Neal(Moritz) တို့ ၂ ယောက် အဓိက ပြသနာတက်နေခဲ့တာကတော့ လာမယ့် Fast 8 ဇာတ်လမ်းအတွက် ဒါရိုက်တာ မရှိသေးတာပါပဲ။

အလွန်ရှားပါးတဲ့ မျိုးရိုးဗီဇရောဂါကြောင့် နှာခေါင်းနှစ်ခုနဲ့ မွေးဖွားလာတဲ့ကလေးငယ်

အလွန့် အလွန်ရှားပါးလှတဲ့ မျိုးရိုးဗီဇရောဂါတစ်ခုကြောင့် ပီရူးနိုင်ငံက ကလေးငယ်တစ်ယောက်ဟာ နှာခေါင်းနှစ်ခုနဲ့ မွေးဖွားလာခဲ့ပါတယ်။
Baby Angelito ( နတ်သားလေး) လို့ မိဘတွေက နာမည်ပေးထားတဲ့ အဆိုပါကလေးငယ်ကို Peru နိုင်ငံ၊ Chimbote မြို့ မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
ကလေးအထူးကုဆရာဝန် Jose Castillo က Patau Syndrome လို့ ခေါ်တဲ့ အဆိုပါ ကိုယ်အင်္ဂါမူမမှန်တဲ့ရောဂါဟာ အလွန်တရာ ရှားပါးလှတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး မီးဖွားမှု ၁၀၀၀၀ ကနေ ၁၅၀၀၀ မှာမှ တစ်ကြိမ်သာ ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
ကလေးရဲ့အခြေအနေဟာ စိုးရိမ်စရာမရှိပဲ တိုက်ကျွေးထားတဲ့ အာဟာရကို ပုံမှန် စားနိုင်တာကြောင့် သူ့ ရဲ့ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းကလည်း ကောင်းမွန်စွာအလုပ်လုပ်တယ်လို့ ဆိုပါတယ်။
ကလေးရဲ့အဖေနဲ့ အမေဟာ မွေးပြီးကတည်းက ကလေးကုတင်ဘေးနားက မခွာဘဲ ကလေးငယ်ကို Nuevo Chimbote မှာရှိတဲ့ နေအိမ်ကနေ မိုင် ၃၀၀ ခန့် ဝေးတဲ့ မြို့ တော် Lima က ဆေးရုံဆီ ပို့ ဆောင်ခဲ့ကာ အဆိုပါ ဆေးရုံမှာ သာမန်နှာခေါင်းတစ်ခုထဲ ဖြစ်အောင်လို့ ခွဲစိတ်မှုခံယူရမှာဖြစ်ပါတယ်။
ဆေးရုံရဲ့ မွေးကင်းစကလေးငယ်စောင့်ရှောက်ရေးဌာနအကြီးအကဲ Carlos Arrestegu Ramos က
“ ကလေးလေးက အခုတော့ အသက်ရှူရတာ ခက်ခဲမှုမရှိပေမယ့်၊ ပလတ်စတစ်ဆာဂျရီလုပ်ဖို့ တော့ လိုမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
ကလေးရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုက ကလေးရဲ့ခန္ဓာကိုယ်ကို တခြားဘာအကျိုးဆက်တွေ သက်ရောက်နေသလဲဆိုတာကိုတော့ နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ လိုအပ်လိမ့်မယ်လို့ ဆိုပါတယ်။

Lwin Pyin's photo.

စတိုးဆိုင်ကနေ ကွန်ဒုံးခိုးတဲ့သမီးကို အရှက်ပြေသတ်ခဲ့တဲ့ ဖခင်တစ်ဦး

ရည်းစားနဲ့ ချစ်တင်းနှောဖို့အတွက် စတိုးဆိုင်ကနေ ကွန်ဒုံးခိုးခဲ့တဲ့ ၁၉နှစ်အရွယ် သမီးအကြောင်းကို ကြားပြီးတဲ့နောက်မှာ ဖခင်ဖြစ်သူက သမီးကို လည်ပင်းညှစ်သတ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ကောင်မလေးရဲ့ ရည်းစားဆိုတာကလည်း မိဘတွေက မတွေ့ရဘူးလို့ တားမြစ်ထားတဲ့သူ ဖြစ်တော့ ပိုဆိုးကုန်တာပေါ့။
သမီးဖြစ်သူ Lareebကို လည်ပင်းညှစ်သတ်ပြီးတဲ့နောက် Asdullah နဲ့ သူ့ရဲ့ဇနီး Shazia တို့ဟာ အလောင်းကို ဘီးတပ်ကုလားထိုင်ပေါ်တင်၊ ကားထဲထည့်ပြီး တောအုပ်ထဲကို မောင်းနှင်ခဲ့ပါတယ်။ ပြီးတော့ အလောင်းကို ဖျောက်ခဲ့ကြတော့တာပါပဲ။ နောက်ရက်များအကြာမှာ ဖြတ်သွားဖြတ်လာတွေက အလောင်းကို ရှာတွေ့ခဲ့ပါတယ်။
“သမီးက အိမ်ပြန်မအိပ်တာ ရက်တော်တော်ကြာပြီ၊ ခေါင်းဆောင်းလဲ မဆောင်းတော့ဘူး။ တစ်နေ့ကျတော့ ကွန်ဒုံးတွေခိုးတာ မိတယ်ဆိုပြီး ရဲတွေဆီက အကြောင်းကြားစာကို ရခဲ့တာပဲ။ ဒါ လိင်ပိုင်းဆိုင်ရာ အထိအတွေ့ရှိခဲ့ပြီဆိုတာ ရှင်းနေတာပဲ။ ဒီအကြောင်းကြားစာကို သူ့အဖေကိုပြလိုက်တော့ လည်ပင်းညှစ်သတ်တော့တာပဲ။” လို့ မိခင်ဖြစ်သူက တရားရုံးမှာ ထွက်ဆိုပါတယ်။
Lareeb ကိုအိမ်ပြင်မထွက်ဖို့ တားမြစ်ထားပြီး သူ့ရည်းစားနဲ့ ချိန်းတွေ့တဲ့အတွက်ကြောင့်လည်း မိဘတွေက ရိုက်နှက်ခဲ့ပါတယ်။ သူက မိဘစကားနားမထောင်ဘဲ သူ့ရည်းစားကို ထပ်မံချိန်းတွေ့ခဲ့ပြီး ခေါင်းဆောင်းကိုလည်း ဆောင်းဖို့ ငြင်းပယ်ခဲ့ပါတယ်။
အမှုမှန်ပေါ်ပေါက်ခဲ့တာကတော့ Lareeb ရဲ့ ညီမလေး Nida က တရားရုံးမှာထွက်ဆိုခဲ့တာကြောင့်လို့ သိရပါတယ်။ “မမက ထိန်းမနိုင်ဘူး၊ သူလုပ်ချင်တာ သူလုပ်တယ်။ သမီးကိုတုတ်နဲ့ အမြဲရိုက်တယ်။ မမရဲ့ ကောင်လေးအကြောင်းကို ဘယ်တော့မှ ပြောဖို့အခွင့်မပေးဘူး။ မမကို ယောကျာ်းအတင်း ပေးစားရမှာလို့ ဖေဖေက အမြဲပြောတယ်။” လို့ Nida က ပြောခဲ့ပါတယ်။
“နောက်ပြန်လှည့်လို့ရမယ်ဆိုရင် ဒါတွေအားလုံး ကျွန်တော် ပြင်လိုက်မှာပါ။ ကျွန်တော့်ဇနီးက ကျွန်တော့်စကား နားထောင်တာပါ။ ဇနီးနဲ့ သမီးတွေကို ကျွန်တော် ချစ်ပါတယ်။” လို့ Asadullah ကပြောခဲ့ပါတယ်။


စောဒက တက်လာတဲ့ ကစားသမားကို သေနတ် နဲ့ ပစ်ဖို့ ကြိုးစားခဲ့တဲ့ င်လူကြီး အပြစ်ပေးခံရ

ဘရာဇီးလ် နိုင်ငံက ဘောလုံးပွဲစဉ်တစ်ခုမှာ ဒိုင်လူကြီး တစ်ယောက်ဟာ ပြစ်ဒဏ်ဘော သတ်မှတ်နေစဉ် ကစားသမား ကို သေနတ် နဲ့ ထုတ်ပစ်ဖို့ ကြိုးစားခဲ့တဲ့အတွက် စည်းမျဉ်းစည်းကမ်း တွေအရ အရေးယူခံရမယ်လို့ သိရပါတယ်။
Brumadinho မြို့မှာ ကျင်းပတဲ့ဘောလုံးပွဲ ရဲ့ ဗီဒီယို ထဲမှာတော့ ဒိုင်လူကြီးဖြစ်သူ အသက် ၂၇ နှစ်အရွယ် Gabriel Murta ဟာ လက်ထဲမှာ သေနတ် တစ်လက်ကို ကိုင်ထားပြီး အခြား ဒိုင်လူကြီး တစ်ယောက်က လိုက်ဆွဲနေရတဲ့ပုံကို မြင်တွေ့ရမှာပါ။ ထို ဒိုင်လူကြီးဟာတော့ ရဲအရာရှိတစ်ယောက်အနေနဲ့လည်း အလုပ်လုပ်တဲ့အတွက် အခုလို လက်ထဲမှာ သေနတ် ပါလာတာ ဖြစ်ပါတယ်။
ဘရာဇီးလ် သတင်းဌာန တစ်ခုဖြစ်တဲ့ outlet G1 Minas Gerias က ဖော်ပြခဲ့တာကတော့ Murta ဟာ အသင်းတစ်သင်းရဲ့ ကစားသမားတစ်ယောက် ကြမ်းတမ်းစွာ ကစားခဲ့တာကို အနီကတ်ပြပြီး ပင်နယ်တီ ပေးဖို့ ငြင်းဆိုခဲ့တဲ့အတွက် တစ်ဖက် အသင်း ကစားသမား တစ်ယောက်က စောဒက တက်ကာ သူ့ကို ရိုက်နှက် ကန်ကြောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ Murta က အ၀တ်လဲခန်းထဲ ပြေးဝင်သွားပြီး သူ့ရဲ့ သေနတ် ကို ယူဆောင်လာခဲ့တာဖြစ်ပါတယ်။
ဒီ အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ လက်ရှိမှာ တစ်ယောက်မှ အရေးယူခံထားရခြင်းမရှိပေမယ့်လည်း တရားဝင်ထုတ်ပြန်ချက်တွေအရ Murta ဟာ ဘရာဇီးလ် အပျော်တမ်း ဘောလုံးလိဂ် ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး စည်းကမ်းချိုးဖောက်မှုဆိုင်ရာ အပြစ်ပေးခြင်းကို ခံရဦးမှာပါ။
ဘရာဇီးလ် နိုင်ငံ ၊ Minas Gerais ပြည်နယ် ဘောလုံးအဖွဲ့ချုပ်က ပြောခဲ့တာကတော့ Murta ဟာ သူ့ရဲ့ အကြမ်းဖက်ဆန်တဲ့ လုပ်ရပ်အတွက် စိတ်ရောဂါ အထူးကုတွေနဲ့လည်း တွေ့ဆုံရလိမ့်မယ်လို့ သိရပါတယ်။

Lwin Pyin's photo.

ပရိတ်သတ်တွေ ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့တဲ့ Rihanna ရဲ့ နောက်ဆုံးပေါ်ဖက်ရှင်

Barbados ကျွန်းသူလေး Rihanna ဟာ ဖက်ရှင်နဲ့ ပတ်သက်ရင် လူအများကို လွှမ်းမိုးနိုင်စွမ်းရှိသူတစ်ယောက်ပါ။ ဒါပေမယ့် အခုတစ်ခေါက် သူမ၀တ်ဆင်ခဲ့တဲ့နောက်ဆုံးပေါ်ဖက်ရှင်ကတော့ လူအများကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ သူမနောက်ဆုံး ၀တ်ဆင်ခဲ့တဲ့ ဇာပေါက် ဖက်ရှင်ဟာ ငါးဖမ်း ပိုက်ကွန် သာသာပဲ ရှိနေလို့ပါ။ အဆိုတော်မလေး Rihanna ဟာ မနှစ်က ဇန်န၀ါရီလ တုန်းက ဘရာဇီးလ်နိုင်ငံမှာ ရိုပ်ခဲ့တဲ့ ဓါတ်ပုံတစ်ပုံကိုလည်း ထပ်မံ Post လုပ်ထားပါသေးတယ်။
ထို ဓါတ်ပုံမှာလည်း သူမဟာ ရွက်လှေတစ်စီးပေါ်မှာ ထိုင်နေပြီး လိမ္မော်ရောင် ဘစ်ကနီ ကိုသာ ၀တ်ဆင်ကာ သူမရဲ့ခါး နဲ့ ဘေးဖက်က တက်တူးတွေကိုလည်း ဖော်ပြထားပါသေးတယ်။ ဒီဓါတ်ပုံ တစ်ပုံတည်းလည်း မကပါဘူး။ သူမဟာ ‪#‎Brazil‬ flashback ဆိုတဲ့ စာသားနဲ့အတူ ရေတံခွန်ရှေ့က ကောက်ကြောင်းအလှတွေ ဖော်ပြထားတဲ့ ဓါတ်ပုံကိုလည်း တင်ထားပါသေးတယ်။
ထို နောက်ထပ်ဓါတ်ပုံတစ်ပုံမှာတော့ သူမဟာ နက်ပြာရောင်ရေကူးဝတ်စုံကို ၀တ်ဆင်ထားကာ ရေတံခွန်တစ်ခုအရှေ့မှာ ရောက်နေပြီး ကင်မရာဘက်ကို ကျောပေးထားတဲ့ အတွက် သူမရဲ့ တင်ပါး အလှအပ တွေကိုလည်း ဖော်ပြထားပါတယ်။

Lwin Pyin's photo.
Blogger Widgets
Back to Top