Pages

Monday, 1 July 2013

ရွှေဈေးနှုန်းများ စံချိန်တင် ကျဆင်းရန် ဦးတည်လျက်ရှိ

ရွှေဈေးနှုန်းသည် ဇွန် ၂၇ ရက်က တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ၁၂ဝဝ အောက် ကျဆင်းခဲ့ရာ ယင်းကျဆင်းမှု နှုန်းသည် ၁၉၆၈ ခုနှစ်မှ စ၍ ပထမဆုံး အကြိမ် အဆိုးရွားဆုံး ကျဆင်းမှု အဖြစ် စံချိန် တင်ရန်  ဦးတည်လျက် ရှိကြောင်း

သိရသည်။ အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ ဘန်ဘာနက်သည် စီးပွားရေး ပြန်လည် နာလန်ထူမှုကို ထောက်ပံ့ပေးသော လစဉ် ငွေချေးစာချုပ် ဝယ်ယူမှုအား အမေရိကန် ဒေါ်လာ ၈၅ ဘီလီယံ အထိ လျှော့ချရန် နည်းဗျူဟာ တစ်ရပ်ကို ပြဋ္ဌာန်း ခဲ့ပြီးနောက် အခေါက်ရွှေ ဈေးနှုန်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်မှ စ၍ ၁၅ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့သည်။ အရန် ရွှေဈေးနှုန်းသည် ဇွန် ၂၈ ဂရင်းနစ် စံတော်ချိန် ၁ နာရီ မိနစ် ၅ဝ က တစ်အောင်စလျှင် သုည ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၁၉၁ ဒသမ ၇၉ အထိ ကျဆင်း ခဲ့သောကြောင့် သုံးနှစ်တာ ကာလအတွင်း အနိမ့်ဆုံး အဆင့်သို့ လျော့ကျခဲ့ကြောင်း အမေရိကန် ရွှေဈေးနှုန်းသည် အမေရိကန် ဒေါ်လာ ၁၁၉၂ ဒသမ ၁ နီးပါး အထိ  ကျဆင်းခဲ့ကြောင်း သိရသည်။

Written by  အာကြီး (မြ၀တီ)

No comments:

Post a Comment