Blogger Widgets

Tuesday 2 July 2013

မြန်မာနိုင်ငံတွင် အသက်အာမခံ ထားရှိမှု နည်းပါးသောကြောင့် ယင်းအာမခံ ထားရှိမှုစနစ် ပြောင်းလဲရန် စီစဉ်နေ

မြန်မာနိုင်ငံတွင် အသက်အာမခံ ထားရှိမှု နည်းပါးနေသောကြောင့် ယင်းအာမခံ ထားရှိမှုစနစ်ကို ယခုကျင့်သုံးနေသော စနစ်မှ ပြောင်းလဲရန် စီစဉ်မည်ဟု မြန်မာ့အာမခံ လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ဆိုသည်။
''အခုလက်ရှိ ကျင့်သုံးနေတဲ့ အာမခံစနစ်က စုဆောင်းငွေအပေါ် အခြေခံတဲ့ အာမခံ အမျိုးအစား ဖြစ်နေတဲ့အတွက် အာမခံထားရှိမှုက နည်းတယ်။ ဒါကြောင့် အတိုးပေးတဲ့ စနစ်မျိုးကို ပြောင်းလဲကျင့်သုံးဖို့ အတွက် စီစဉ်ဆောင်ရွက် နေပါတယ်။ အဲလိုပြောင်းလဲဖြစ်မယ် ဆိုရင်တော့ အသက်အာမခံ ထားရှိမှုက အခုထက်ပိုပြီး များများထားကြမယ်လို့ ထင်ပါတယ်'' ဟု ဆိုသည်။

အသက်အာမခံ အတွက် ငါးသိန်းကို ထားရှိမယ်ဆိုရင် နောက်နှစ်တွေ ကြာလာလို့ အသက်ဆုံးရှုံးလို့ အာမခံကြေး ပေးလျော်ရတဲ့အခါမှာ အဲဒီ့ငါးသိန်းက အရင်ထားခဲ့တဲ့ အာမခံကြေးနဲ့ ကွာခြားပြီး အရင်လောက် တန်ဖိုးရှိချင်မှ ရှိတော့မှာလေ။ ငွေက အောင်းနေသလို ဖြစ်စေတယ်။ အဲဒါကြောင့် အာမခံ ထားရှိသူတွေကို အတိုးပြန်ပေးတဲ့ စနစ်ကို ကျင့်သုံးမယ်ဆိုရင် ပြည်သူတွေက ပိုစိတ်ဝင်စားလာ နိုင်တယ်လို့ ထင်တယ်...

''ပြောရမယ်ဆိုရင် အသက်အာမခံ အတွက် ငါးသိန်းကို ထားရှိမယ်ဆိုရင် နောက်နှစ်တွေ ကြာလာလို့ အသက်ဆုံးရှုံးလို့ အာမခံကြေး ပေးလျော်ရတဲ့အခါမှာ အဲဒီ့ငါးသိန်းက အရင်ထားခဲ့တဲ့ အာမခံကြေးနဲ့ ကွာခြားပြီး အရင်လောက် တန်ဖိုးရှိချင်မှ ရှိတော့မှာလေ။ ငွေက အောင်းနေသလို ဖြစ်စေတယ်။ အဲဒါကြောင့် အာမခံ ထားရှိသူတွေကို အတိုးပြန်ပေးတဲ့ စနစ်ကို ကျင့်သုံးမယ်ဆိုရင် ပြည်သူတွေက ပိုစိတ်ဝင်စားလာ နိုင်တယ်လို့ ထင်တယ်'' ဟု ယင်းက ဆိုသည်။
ထိုသို့ ပြောင်းလဲကျင့်သုံးရန်အတွက် ယခုနှစ်အတွင်း လိုင်စင်ချထားပေးခဲ့သော ပုဂ္ဂလိက အာမခံ ကုမ္ပဏီများနှင့် တိုင်ပင်ကာ ဆောင်ရွက်ရမည် ဖြစ်သောကြောင့် ယင်းအာမခံစနစ် ပေါ်လာစေရန် အတွက် အချိန်ကာလတစ်ခု လိုအပ်ကြောင်း ယင်းကထပ်မံ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ အသက်အာမခံ ထားရှိမှုမှာ သန်း ၆၀ လူဦးရေတွင် သုံးသိန်းခန့်သာ ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက မေလအတွင်း ပြောကြားခဲ့သည်။ ယင်းသို့ ဖြစ်ရခြင်းမှာ အသက်အာမခံ အတွက် ဆွဲဆောင်သည့် နည်းလမ်း အားနည်းခြင်း ဖြန့်ချိသည့်စနစ် အားနည်းခြင်း တို့ကြောင့်ဖြစ်ပြီး ယင်းအားနည်းချက်များကိုလည်း မူရင်းအာမခံကြေးထက် အတိုးနှုန်း သဘောမျိုး ပိုရနိုင်မည့် နည်းလမ်းများကို အကောင်အထည် ဖော်သွားရန် ရှိကြောင်း ဒုတိယ၀န်ကြီးက ပြောကြားခဲ့သည်။
အသက်အာမခံ အတွက် ငါးသိန်းကို ထားရှိမယ်ဆိုရင် နောက်နှစ်တွေ ကြာလာလို့ အသက်ဆုံးရှုံးလို့ အာမခံကြေး ပေးလျော်ရတဲ့အခါမှာ အဲဒီ့ငါးသိန်းက အရင်ထားခဲ့တဲ့ အာမခံကြေးနဲ့ ကွာခြားပြီး အရင်လောက် တန်ဖိုးရှိချင်မှ ရှိတော့မှာလေ။ ငွေက အောင်းနေသလို ဖြစ်စေတယ်။ အဲဒါကြောင့် အာမခံ ထားရှိသူတွေကို အတိုးပြန်ပေးတဲ့ စနစ်ကို ကျင့်သုံးမယ်ဆိုရင် ပြည်သူတွေက ပိုစိတ်ဝင်စားလာ နိုင်တယ်လို့ ထင်တယ်

No comments :

Post a Comment

Blogger Widgets
Back to Top