Blogger Widgets

Sunday, 23 June 2013

စင်ကာပူနိုင်ငံ Parkway Hospital Singapore နှင့် နေပြည်တော် ဇမ္ဗူသီရိ အထူးကုဆေးရုံကြီးတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

singapore-june23
Parkway Hospital Singapore အဖွဲ့နှင့် ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီးတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဇွန် ၂၂ ရက်က တွေ့ရစဉ်
စင်ကာပူနိုင်ငံ Parkway Hospital Singapore အဖွဲ့နှင့် နေပြည်တော် ဇမ္ဗူသီရိ အထူးကုဆေးရုံကြီးတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဇွန် ၂၂ ရက် နံနက် ၉ နာရီအချိန်တွင် MICC ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Parkway Hospital Singapore သည် အာရှတိုက်တွင်ရှိသော ထိပ်တန်းပုဂ္ဂလိက ကျန်းမာရေး ၀န်ဆောင်မှု အဖွဲ့အစည်းများအနက် တစ်ခုအပါအ၀င် ဖြစ်ပါသည်။ ၎င်းအဖွဲ့အစည်းသည် အဓိကဆေးရုံကြီး လေးရုံဖြစ်သည့် Gleneagles Hospital, Mount Elizabeth Hospital, Mount Elizabeth Novena Hospital နှင့် Parkway East Hospital တို့အပြင် Medical Centre များကို စင်ကာပူနိုင်ငံတွင် ထားရှိပြီး အထူးကုများ စုပေါင်းကုသခြင်းဖြင့် ထိရောက်သော ကုသမှုများ ပေးလျက်ရှိပါသည်။ ဆေးရုံကုတင်ပေါင်း ၁၀၀၀ ကျော်နှင့် အထူးကု ၁၂၀၀ ကျော်ဖြင့် ကျန်းမာရေး ၀န်ဆောင်မှု ပေးနေပါသည်။ နိုင်ငံတကာမှ လူနာများ အဆင်ပြေစေရန် Parkway Hospital Singapore သည် လူနာကူညီရေးစင်တာ ၃၅ ခုကို ကမ္ဘာတစ်ဝန်းတွင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
ဇမ္ဗူသီရိ အထူးကုဆေးရုံကြီးသည် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို သက်သာသောနှုန်းထားဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ပေးရေးနှင့် ပြည်ပသို့ သွားရောက်ရန် အခက်အခဲ ရှိသူများအား နိုင်ငံတကာအဆင့်မီ ကျန်းမာရေး ၀န်ဆောင်မှု ပေးနိုင်ရန် နိုင်ငံခြားဆေးရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ရေး စီစဉ်မှု အနေဖြင့် စင်ကာပူနိုင်ငံ PHSPL (Parkway Hospital Singapore Pte.Ltd) နှင့်နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်ခြင်း ဖြစ်သည်။
MICC ခန်းမတွင် Myanmar Information and Convention Centre တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး နေ့လယ်ပိုင်းတွင် အထူးကု ဆရာဝန်ကြီးများမှ ဇမ္ဗူသီရိ အထူးကုဆေးရုံကြီးရှိ လူနာများအား အခမဲ့ကြည့်ရှု စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top