၂၆-၅-၂၀၁၃
ရက်နေ့ ၁၄၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊
ကဘဲ့ရပ်ကွက်ရှိ သပိတ်ကျင်းဆေးရုံသို့ ဇရပ်ကွင်းကျေးရွာနေ
ချစ်သွေးမောင်(၆)နှစ်ပါ ကျား ၆ ဦး၊ မ ၁၈ဦး၊ စုစုပေါင်း ၂၄
ဦးတို့သည် အော့အန်/ ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားသဖြင့်
ရောက်ရှိနေကြောင်း သိရသည်။ ၎င်းတို့သည် ဇရပ်ကွင်းကျေးရွာ၊ အမှတ်(၁)ရပ်ကွက်
““ကြယ်ကမ္ဘာ”” မင်္ဂလာခန်းမတွင် ကျင်းပသည့် မင်္ဂလာဧည့်ခံပွဲ၌ကျွေးမွေးသော
ဒံပေါက်ထမင်းအားစားသုံးပြီး ထိုသို့ဖြစ်ပွားခဲ့ကြောင်း သိရှိရသဖြင့်
အစားအစာများအား သပိတ်ကျင်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ
သွားရောက်၍ အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments :
Post a Comment