၂၆.၅.၂၀၁၃
ရက်နေ့ ၂၁၄၀ အချိန် သန်လျင်ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သန်လျင်တံတား
ယာဉ်စစ်ပိတ်ဆို့ တာဝန်ဆောင်ရွက်စဉ် သန်လျင်ဘက်မှ ရန်ကုန်ဘက်သို့ ထွန်းလင်း
(၂၇)နှစ်၊ ယာဉ်မောင်း၊ (ဘ) ဦးမင်းငြိမ်း၊ သလ္လာဝတီလမ်း၊
(၁၀)တောင်ရပ်ကွက်၊ သာကေတမြို့နယ်နေသူ မောင်းနှင်လာသော
ဒိုင်နာအဖြူရောင်ကိုယ်ပိုင်ယာဉ်အား စစ်ဆေးရာနို့စားနွားမ ၆ ကောင်အား
ကားနောက်ခန်းတွင်ဝှက်၍ သယ်ဆောင်လာကြောင်း တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ
ပိုင်ရှင်ဖြစ်သူ မိုးဝင်း (၂၅) နှစ်၊ (ဘ)ဦးမိုဟာမက်အလီ၊ နို့စားနွားမွေး၊
အုတ်ဖိုစုရပ်ကွက်၊ သန်လျင်မြို့နယ်နေသူမှ သယ်ဆောင်ဖြတ်သန်းခွင့် အထောက်အထား
တစ်စုံတစ်ရာပါရှိခြင်း မရှိဘဲ တင်ဆောင်လာကြောင်း စိစစ်တွေ့ရှိရသဖြင့်
ယာဉ်မောင်း ထွန်းလင်းနှင့် ပိုင်ရှင် မိုးဝင်းတို့အား
သန်လျင်မြို့မရဲစခန်းတွင် အရေးယူဆောင်ရွက်ထားကြောင်းသတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

No comments :
Post a Comment