လားရှိုးမြို့နယ်အတွင်း လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ
လားရှိုးမြို့နယ်အတွင်း လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ 27.5.2013
နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ
အနီးရှိ အေးရှားဝါးလ် တိုးဂိတ်၌နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် မေ ၂၇
ရက် နံနက် ၂နာရီ ၂၀မိနစ်ခန့်က လားရှိုးမြို့မှ
သိန်းနီမြို့ဘက်သို့ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင် လာသော ၃င/၄၁၂၀ မတ်တူး
အဖြူရောင်ယာဉ်အား မသင်္ကာသဖြင့် စစ်ဆေးရန် ရပ်တန့်စေရာ ယာဉ်မှာ
ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့များမှ ပိတ်ဆို့ရှာဖွေစဉ် နံနက်
၃နာရီခွဲတွင် သိန်းနီမြို့နယ်၊ မိုင်းလီအုပ်စု၊ နားဆော့ကျေးရွာ
ဘုန်းကြီးကျောင်းရှေ့၌ ယာဉ်အား တွေ့ရှိခဲ့သည်။အဆိုပါ ယာဉ်အား သိန်းနီမြို့မ
ရဲစခန်းတွင် အသေးစိတ် ရှာဖွေခဲ့ရာ ယာဉ်နောက်အဖုံးအတွင်းမှ အမ်-၂၂ ခေါက်ဒင်
(၁၁)လက်၊ အမ်-၇၉ (၄၀)မမ ဗုံးပစ် လောင်ချာ (၃) လက်၊ အမ်-၁၆ (၄)လက်၊ အမ်-၂၂
(၃)လက်၊ BERETTA ပစ္စတို (၁) လက်၊ စုစုပေါင်း လက်နက်မျိုးစုံ(၂၂)လက်နှင့်
အမ်-၂၂ ကျည်အိမ် (၂၄)ခု၊ အမ်-၁၆ ကျည်အိမ်(၄)ခု၊ ပစ္စတိုကျည်အိမ် (၂)ခု၊
LUGER အမျိုးအစား ၉-မမ ကျည် (၅၀)တောင့်၊ ၅.၅၆ ကျည် ၂၅၅၉ တောင့်တို့အား
သိမ်းဆည်း ရမိခဲ့ပြီး၊ အနီး ပတ်ဝန်းကျင်အား ဆက်လက်ရှာဖွေရာ နားဆော့ကျေးရွာ
အနောက်ဘက် ချုံပုတ် အတွင်းမှ အမ်-၂၂ သေနတ် (၁၀)လက်အား ထပ်မံ
သိမ်းဆည်းရမိခဲ့ပါသည်။ ၎င်းဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်နေသော
တရားခံများအား ဖမ်းဆီးရမိရေး တပ်မတော်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင် များက
စုံစမ်း ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

Blogger Widgets
Back to Top
No comments :
Post a Comment